You are here

MPT သုံးစွဲသူများအတွက် ၀န်ဆောင်မှုဆိုင်ရာ လမ်းညွန်စာအုပ်ထွက်ရှိ

Technology
Telecom

       မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ ၎င်းတို့၏ဆင်းကဒ်သုံးစွဲသူများ အတွက်ဝန်ဆောင်မှုဆိုင်ရာလမ်းညွန် စာအုပ်များကို ထုတ်လုပ်လိုက်ကြောင်းသိရပါတယ်။

       MPT သုံးစွဲသူများအဆင်ပြေစေရန်အတွက် ၀န်ဆောင်မှုဆိုင်ရာ လမ်းညွန်စာအုပ်များကို ထုတ်လုပ်ခဲ့ပြီး အဆိုပါစာအုပ်များကို MPT အမှတ်တံဆိပ်ရှိသော ဆိုင်များတွင် အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ လမ်းညွန် စာအုပ်တွင်  MPT သုံးစွဲသူများအတွက် အထောက်အကူ ဖြစ်စေနိုင်မည့် ၀န်ဆောင်မှုအများအပြား အကြောင်းကိုရေးသားထားပါတယ်။

      အဆိုပါစာအုပ်တွင် ၀န်ဆောင်မှုများ၏ ဈေးနှုန်းများ၊ အင်တာနက် Package ၀န်ဆောင်မှု၊ အင်တာနက် Setting အသုံးပြုမှုများ၊ ထပ်ဆောင်းဝန်ဆောင်မှုများ၊ နိုင်ငံတကာနှင့် ပတ်သက်သော ဝန်ဆောင်မှုများ၊ Tourism SIM ကဒ်အကြောင်း၊ SIM ကတ်များ ပျက်စီး၊ ပျောက်ဆုံးခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာမျာအား ဖြေရှင်းနည်း၊ Call Centre အစရှိသည်တို့ပါဝင်မှာဖြစ်ပါတယ်။ ထို့ပြင် တစ်နိုင်ငံလုံးရှိ MPT အမှတ်တံဆိပ် ဆိုင်များ စာရင်းကိုလည်း ထည့်သွင်းပေးထားပါတယ်။

         MPT အသုံးပြုသူများကို ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် MPT အမှတ် တံဆိပ်ဆိုင်ခွဲများကို ဆူးလေ၊ လမ်း ၄၀ ၊ ပန်းဆိုးတန်း နှင့် အလုံမြို့နယ်တို့တွင် တိုးချဲ့ဖွင့်လှစ်ထားပြီး မနက် ၉:၃၀ မှ ညနေ ၅:၃၀ အထိ (တနင်္လာနေ့မှ သောကြာနေ့ထိ) ၀န်ဆောင်မှုပေးလျှက်ရှိတယ်လို့ MPT မှသတင်းထုတ်ပြန်ထားပါတယ်။

Related Articles