You are here

Xiaomi Mi CC9 Pro ရဲ့ စနစ်များနဲ့ ဈေးနူန်းထွက်ပေါ်လာ

Mobile
Technology

Xiaomi ဟာ Mi CC9 စီးရီးအဖြစ် Mi CC9e နဲ့ Mi CC9 တို့ကို ကြေညာရောင်းချထားပြီး ဖြစ်ပါတယ်။ အခု Xiaomi ဟာ Mi CC9 ရဲ့ တတိယမြောက်မိသားစုဝင်သစ်ကို ကြေညာဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ Xiaomi Mi CC9 Pro ကို ကြေညာ ရောင်းချဖို့ လုပ်ဆောင်နေတာပါ။ အခုဆိုရင် Xiaomi Mi CC9 Pro ရဲ့ စနစ်များနဲ့ ဈေးနူန်း ထွက်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။

Xiaomi Mi CC9 Pro မှာ မျက်နှာပြင် ၆.၄ လက်မ AMOLED FHD+ရုပ်ထွက်သုံးလာမှာ ဖြစ်ပြီး Under-Display Fingerprint Reader ပါဝင်ပါမယ်။ Waterdrop Notch သုံးလာမှာ ဖြစ်ကာ ယင်းမှာ ရှေ့ကင်မရာ 32MP ပါဝင်ပါမယ်။ ကျောဘက်ကင်မရာသုံးလုံးပါကာ အဓိကကင်မရာက 108MP ဖြစ်ပါတယ်။ ကျန်ကင်မရာနှစ်လုံးက 13MP Ultrawide နဲ့ 8MP Telephoto ဖြစ်ပါတယ်။

Xiaomi Mi CC9 Pro ကို Qualcomm Snapdragon 730G နဲ့ပါဝါထောက်ပံ့ထားကာ RAM6GB နဲ့ Storage 128GB ပါဝင်ပါမယ်။ ဘက်ထရီ 4000 mAh ပါဝင်ပြီး 20+W Fast Charging ပါဝင်မယ်လို့ သိရပါတယ်။ 27W Fast Charging သုံးလာနိုင်ပါတယ်။ Android 10 အခြေခံ MIUI 11 သုံးလာပါမယ်။ NFC နဲ့ IR Blaster တို့ ပါဝင်ပါမယ်။ ဖုန်းအလေးချိန်က ၁၈၀ ဂရမ်ရှိလာမယ်လို့ သိရပါတယ်။

Xiaomi Mi CC9 Pro ဈေးနူန်းက ဒေါ်လာ ၃၆၇ ဖြစ်လာမယ်လို့ သိရပါတယ်။

လတ်တလောမှာ Xiaomi Mi CC9 Pro ကို ဘယ်တော့ ကြေညာမယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ယခုအပတ်ထဲမှာ ဘယ်တော့ ကြေညာမယ်ဆိုတာ ကြေညာလာနိုင်ပါတယ်။ 

Related Articles